NTU Master of Science in Information Systems (MSIS) — Myanmar Prospective Student Guide
စက်ာပူမှာ Master လာတက်ချင်တဲ့ မြန်မာကသူတွေအတွက် အထောက်အကူဖြစ်စေရန် ကျွန်တော်တက်ခဲ့တဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ရေးသားထားခြင်းဖြစ်ပါသည်။
ဒီနေရာမှာ အခုလို ကျွန်တော်အပိုင်းသုံးပိုင်းခွဲပြီး ပြောပြမှာပါ။
1. ကျောင်း၀င်ခွင့် (Admission) အတွက်ဘာတွေပြင်ဆင်ရမလဲ
2. ကျောင်းမှာဘာတွေသင်လဲ ဘာသာတွေဘယ်လိုရွေးရမလဲ
3. ကျောင်းလခ၊ နေထိုင်စရိတ်၊ Campus Life
1.ကျောင်း၀င်ခွင့် (Admission)
ကျောင်း၀င်ခွင့်နဲ့ပက်သက်လို့ အသေးစိတ်ကတော့ ဒီလင့်မှာ၀င်ကြည့်လို့ရပါတယ်
ဒီနေရာမှာ တစ်ခုပြောပြချင်တာက Information Systems နဲ့ Computer Science အကြမ်းဖျဥ်း ဘာကွာသလဲဆိုတော့ CS က Technical Detail ကို ပိုလေ့လာတာဖြစ်ပြီး Information Systems ကတော့ လက်တွေ့ကြုံတွေ့နေရတဲ့ problem တွေ business process တွေကို Computer Technology သုံးပြီး ဘယ်လို ဖြေရှင်းမလဲ၊ ပိုကောင်းအောင်လုပ်မလဲ ဆိုတာလေ့လာတာဖြစ်ပါတယ်။
ပထမဆုံးကတော့ IT, Computer Science, Information Systems or IT related ဖြစ်တဲ့ Bachelor Degree တစ်ခုရှိထားဖို့လိုပါမယ်။
နောက်ထပ်လိုတာကတော့ IELTS or TOEFL လိုပါမယ်။ IELTS 6.5 (သို့) TOEFL 600 (paper-based), 250 (computer-based), 100 (internet-based) ရှိထားရပါမယ်။
ဒီနေရာမှာ Undergraduate တုန်းက English လိုသင်တဲ့ ကျောင်းက ပြီးတယ်ဆိုရင် Medium of Instruction က English လိုသင်တယ်ဆိုရင် ကျောင်းရဲ့ Recommendation Letter ပါရင် IELTS or TOEFL မပါလို့ရပါတယ်။
ဒီ Program က တစ်နှစ်မှာ August Intake တစ်ခေါက်ပဲရှိပါတယ်။ Application Period က 1 November to 31 January အတွင်းလျောက်ရမှာပါ။
လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ Bachelor ဘွဲ့လက်မှတ်၊ Transcripts အမှတ်စာရင်း တွေ English လိုမဟုတ်ရင် Notary ပြန်ထားရပါမယ်။
အသေးစိတ်ကို official website https://www.ntu.edu.sg/education/graduate-programme/master-in-science-in-information-system#admission မှာသွားကြည့်လို့ရပါတယ်။
2. ကျောင်းမှာဘာတွေသင်လဲ ဘာသာတွေဘယ်လိုရွေးရမလဲ
ဘွဲ့ရဖို့အတွက် Academic Unit (AU) 30 ရရမှာဖြစ်ပါတယ်။ လမ်းကြောင်းက နှစ်ကြောင်းရှိပါတယ်။
တစ်ခုကတော့ Critical Inquiry လို့ခေါ်တဲ့ Group Project နဲ့ Module 9 ခုတက်တာရယ်
ဒုတိယတစ်ခုကတော့ Dissertation နဲ့ Module 8 ခုတက်တာဖြစ်ပါတယ်
Master Course တစ်ခုက 3 AU, Critical Inquiry က 3 AU ပေးတာဖြစ်လို့ total 30 AU ရဖို့ဆိုရင် (9 module + CI)
Dissertation က 6 AU ဆိုတော့ total 30 AU အတွက် (8 modules + Dissertation)
များသောအားဖြင့်တော့ 9 modules + CI ကိုပဲရွေးကြတာများပါတယ်။
First semester မှာ 5 courses, second မှာ 4 + CI လုပ်ကြပါတယ်။
Course ရွေးတာကတော့ semester တခုနဲ့တခု ဖွင့်တဲ့ Course တွေမတူပါဘူး။ Course registration period ရောက်ရင် ကိုယ်တက်ချင်တဲ့ course ကို register လုပ်ရမှာဖြစ်ပါတယ်။
ဒီနေရမှာ တခုသတိထားရမှာက တချို့ course တွေက အရမ်း popular ဖြစ်တဲ့အတွက် ဖွင့်ဖွင့်ချင်း seat တန်းပြည့်သွားတာဖြစ်တတ်ပါတယ်။ ကျွန်တော် အကြံပေးချင်တာက popular ဖြစ်တဲ့ course တွေကို အရင် register လုပ်ထားပါ။ သူ့မှာ add/drop period တစ်ပတ် ဆိုတာရှိပါတယ်။ အဲ့အချိန်အတွင်း course တွေကို အစမ်းသွားတတ်ကြည့်လို့ရပါတယ်။ မကြိုက်ရင် ပြန်ဖြုတ်လို့ရပါတယ်။ အဲ့ကျတော့ add/drop period ပြီးခါနီး စုံအောင်လိုက်တတ်ကြည့်ပြီးမှ ကိုယ်ကြိုက်တဲ့ course ကို မကြိုက်တဲ့ course နဲ့ပြန်လဲလိုက်ပါ။
3. ကျောင်းလခ၊ နေထိုင်စရိတ်၊ Campus Life
ကျောင်းလခကတော့ international students တွေအတွက် SGD 38,300 ရှိပါတယ်။Semester တခုကို တစ်၀က်သွင်းရတာပါ။
Singaporean တွေနဲ့ Permanent Residents တွေ က စျေးလျော့ပါတယ်။ နှစ်အလိုက်ပြောင်းလဲနိုင်တာမို့ သေချာချင်ရင်အောက်ကလင့်မှာသွားကြည့်လို့ရပါတယ်။
နေဖို့က နှစ်မျိုးရှိပါတယ်
ကျောင်းထဲမှာနေတာနဲ့ ကျောင်းအပြင်မှာ အိမ်ငှားနေတာနဲ့ပါ။
ကျောင်းထဲက အဆောင်မှာနေချင်ရင်တော့ offer ရပြီးသိပ်မကြာခင် အဆောင်လျောက်ရတာပါ။
အဆောင်နှစ်ခုရှိပါတယ် Graduate Hall 1 နဲ့ Graduate Hall 2 ဆိုပြီးရှိပါတယ်။ GH2 က ပိုသစ် ပိုသန့်ပြီး စျေးနည်းနည်းပိုများပါတယ်။
ကျွန်တော်နေခဲ့တုန်းက ၂၀၁၉-၂၀၂၀ မှာ GH2 တစ်ယောက်ခန်းကို SGD 550 လောာက်ရှိပါတယ်။ High Speed Internet , မီးဖို, အ၀တ်လျော်စက်, Gym ပါပါတယ်။ မီတာခသပ်သပ်ဆောင်စရာမလိုပါဘူး။ Aircon ကတော့ ကတ်နဲ့ နာရီအလိုက် ပိုက်ဆံဖြည့်သုံးရတာပါ။
အပြင်မှာနေရင်တော့ အိမ်ငှားတဲ့ သူတွေဆီကနေ နှစ်ယောက်တခန်း (သို့) တစ်ယောက်ခန်း ငှားနေကြတာပါ။ နေရာနဲ့ facility ပေါ်မူတည်ပြီး စျေးအမျိုးမျိုးရှိပါတယ်။ (e.g. https://www.shwerooms.com သို့ တခြား website တွေကနေရှာလို့ရပါတယ်)
ကျောင်းထဲမှာနေရင်တော့ အေးဆေးရှိပြီး library သွားတာတို့ဘာတို့လွယ်ပါတယ်။ ကျောင်းထဲမှာ ပုံမှန်ပြေးနေတဲ့ shuttle bus တွေရှိပါတယ်။ ကျောင်းထဲမှာ basket ball, swimming pool, gym တို့ထားပေးပါတယ်။ ကျောင်းသားတွေအတွက်က free ပါ။
အလျဥ်းသင့်ရင်သင့်သလို ဒီ post ကို ဖြည့်ပေးသွားပါ့မယ်။ မေးချင်တာ၊ ပြင်ရှိချင်တာ ရှိရင် command (သို့) message နဲ့မေးလို့ပါတယ်။
မြန်မာမှလာတက်မယ့်ကျောင်းသားများ အဆင်ပြေစေလိုတဲ့ စိတ်ဖြင့်
Ye Lynn